အခုတင်ပေးတဲ့ဟာလေးတွေမှာ ကျွန်တော့်ကိုယ်ပိုင် တစ်ခုမှ မပါပါဘူး။ ဟိုနားက တစ်ခု၊ ဒီနားက တစ်ခု အားလုံး ပေါင်းစုမိတာလေးတွေဆိုတော့လည်း Credit တော့ မပေးနိုင်တော့ပါဘူး။အားလုံးဟာ Share ကြတာပဲ ဖြစ်လို့ စိတ်ဆိုးကြမယ်တော့ မထင်ပါဘူး။ အကယ်၍ပေါ့နော် စိတ်အခန့်မသင့် ဖြစ်ခဲ့တယ်ဆိုရင်တော့ မောင်ဟန်လေးတစ်ယောက်တော့ တောင်းပန်ပါတယ် ဆိုတာလေးနဲ့ပဲ အရင်ဆုံး ပြောပါရစေ။
ကဲ..ကဲ….စုဆောင်းမိတဲ့ Live Wallpaper လေးတွေ အားလုံးပေါင်း အခု(80) ရှိပါတယ်။
ဘာတွေပါသလဲ ဆိုတာ နာမည်နဲ့တကွ ရေးပြရရင် ပြီးတော့မှာ မဟုတ်လို့ မရေးပေးတော့ပါဘူး။
Huawei ဖုန်းတွေမှာ Live Wallpaper သုံးလို့ မရတာဖြစ်ပါတယ်။ အဲဒါဆိုရင်တော့ အောက်က ကောင်လေးကို ယူပါ။LiveWallpaperPicker လို့ ခေါ်ပါတယ်။ယူလိုက်ပါနော်။
Mediafire Link >> http://www.mediafire.com/download.php?8a9c13si5ouzmz6
Dropbox Link >> https://www.dropbox.com/s/20zjxogpdn07qh1/LiveWallpapersPicker.apk
Root Explorer ကို သုံးရပါမယ်။မရှိသေးရင်တော့ အောက်မှာ ယူလိုက်ပါ။အဲ….Root Explorer သုံးဖို့အတွက်ကတော့ Root Access ရပြီးသား ဖြစ်ရပါမယ်။
Mediafire Link >> http://www.mediafire.com/?ll7y89ko1ropkb2
Dropbox Link >> https://www.dropbox.com/s/27vuemccibkixgq/Root%20Explorer%20%282.16%29.apk
စောနက ဒေါင်းလို့ ရလာတဲ့ LiveWallpaperPicker ကို SD Card ထဲကို ထည့်ပါ။ Root Explorer ကို ဖွင့်ပါ။ SD card ထဲက စောနက ထည့်ထားတဲ့ကောင်လေးကို copy ယူပါ။ System>app ထဲကို Paste လုပ်ပါ။ ပြီးရင် အခု System > app ထဲမှာ ရောက်သွားတဲ့ LiveWallpaperPicker ကို ရှာပြီး ခဏလောက် ဖိထားပါ။ Submenu လေး တစ်ခု ပေါ်လာပါမယ်။ အဲဒီထဲက Permission ကို ရွေးပြီး rw-r-r- ပေးပြီး Restart ချပေးလိုက်ပါ။ အဲ…(rw-r-r)Permissionဘယ်လိုပေးရသလဲ ဆိုတဲ့ သူတွေအတွက်ကတော့ အောက်ကပုံလေးကို ကြည့်ပြီး လုပ်ပေးလိုက်ပေါ့နော်။ ကျွန်တော့်ဆီမှာ ScreenShot မရဘူး ဖြစ်နေလို့ လွယ်ရာလေး ဆွဲထည့်ပေးလိုက်ပါတယ်။

ပြန်တက်လာရင် Live Wallpaper သုံးလို့ ရပါပြီ။
ကဲ အောက်မှာ Live Wallpaper တွေကို ပေးထားပါတယ်။ ယူလိုက်ကြပါနော်။
Mediafire Link >> http://www.mediafire.com/?w3xm9wccme44r
Dropbox Link >> https://www.dropbox.com/sh/3g7g22fyc7z1lz0/NYEVnFoX4d
အကို တစ်ယောက်က ပြောပါတယ်။ တစ်ခုချင်းစီထက် အကုန်လုံးကို Zip ချုပ်ပြီး တင်ပေးပါ့လားတဲ့။ ဟုတ်ကဲ့ အောက်မှာ ယူပါနော်။ ဒါပေမယ့် တစ်ခုလုံးဆိုရင် အဆင်မပြေလို့ သုံးပိုင်း တင်ပေးလိုက်တယ်။ အဲ….Part1,Part2 ခွဲထားတာ မဟုတ်ဘူးနော် ။ တစ်ခုရရင် တစ်ခု ဖြည်ပြီးသုံးလို့ ရပါတယ်။ ဒီပြင်ဆိုရင် Part တစ်ပိုင်းမရသေးရင် သုံးမရဘူး ဖြစ်နေကြမှာ စိုးလို့နော်။ အုပ်စုသုံးခု ခွဲပေးလိုက်တာပါ။ အောက်မှာ Mediafire ကနေပဲ တင်ပေးလိုက်ပါတယ်။
အပိုင်း(၁) >> http://www.mediafire.com/?zpe61zp9gqcp72f
အပိုင်း(၂) >> http://www.mediafire.com/download.php?ak9k6rq0bnkqqv2
အပိုင်း(၃) >> http://www.mediafire.com/download.php?05ssq2wcrek0hdh
passwordက hanlay ပါနော်။
No comments:
Post a Comment