New Star Mobile မှ ရောက်လာသူအပေါင်းစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေ

Tuesday, August 6, 2013

HTC Phone များ error ကင်းစွာ Rom update လုပ်ခြင်း

HTC phone များအား error ကင်းစွာ rom update လုပ်ခြင်း
$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$
Htc phone အား rom update လုပ်ချိန်မှာ error မတက်အောင် တိကျစွာ ပြုလုပ်ပုံ များ တင်ပြပေးပါမယ်။
radio version and CID number မတူပါက update လုပ်ချိန်မှာ error တက်တတ်ပါတယ်။
ဒ့ါကြောင့် ဦးစွာ  software build number, radio version and CID number ကို ကြည့်ရပါမယ်။
software builder number and radio version ကိုကြည့်မယ်ဆိုရင် setting ထဲမှ about မှ တဆင့် software information ထဲတွင် လွယ်ကူစွာဝင်ကြည့်နိုင်ပါတယ်။
CID number ကိုဘယ်လိုကြည့်ရမလဲဆိုတော့
ဖုန်းအား power ပိတ်ပြီး battery ဖြုတ်ပါ။ 5 seconds စောင့်ပြီး battery ပြန်တပ်ပါ။
ပြန်တပ်ပြီးပါက volume down (အသံတိုးခလုတ်) ကိုဖိထားပြီး power button နှိပ်ပါ။
(Battery ဖြုတ်မရသော ဖုန်းများအား bootloader mode ဖမ်းချင်ပါက phone အား restart ချပါ။ restart ကျချိန်တွင် volume down ကိုနှိပ်ထားပါ။ bootloader mode ၀င်သွားပါမည်။)
bootloader တက်လာပါမယ်။ Fastboot အား power button နှိပ်ပြီး ရွေးပေးပါ။
USB ကြိုးတပ်ပါ။Fastboot USB mode အနေနှင့် computer မှာ တွေ့ရပါမယ်။
computer မှာ တွေ့ပြီးပါက computer ကနေ command line နဲ့ phone ရဲ့ CID ကို ကြည့်နိုင်ရန် လုပ်ဆောင်ရမှာ တစ်ခုကျန်နေပါတယ်။
ဘာကျန်တာလဲဆိုတော့ computer Local Disk C: ထဲမှာ အရင်ဆုံး fastboot နာမည်နဲ့ folder အသစ်ဆောက်ပြီး fastboot folder ထဲကို file 3 ခုထည့်ထားရပါမယ်။
၃ခုက adb.exe, adbWinApi.dll, fastboot.exe ထည့်ထားရပါမယ်။
အဲဒီ file 3 ခုကို Huawei Root များထဲတွင် ရရှိနိုင်ပါတယ်။
အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင် command စရိုက်တော့မယ်။
Run box ကနေ cmd ရိုက်ပြီး enter ခေါက်ပါ။
cmd တက်လာပြီဆိုရင်
cd \fastboot      enter ခေါက်ပါ
fastboot getvar cid  (or) fastboot getvar all ရေးပြီး   enter ခေါက်ပါ
CID number ကျလာပါမယ်။ cid number က ၈ လုံးရှိရပါမယ်။ (eg. HTC__044   ဆိုရင် HTC-Asia-SEA-WWE  CID region ဖြစ်ပါတယ်။)
CID ရပြီဆိုရင် firmware ကိုစတင် ဒေါင်းရပါတော့မယ်။
င်္Firmware ကို မိမိရဲ့ ဖုန်းကရတဲ့CID အတိုင်း ဒေါင်းလုပ်ဆွဲရပါမယ်။
ဥပမာ  မိမိဖုန်းက HTC__004 CID ဆိုရင် HTC-Asia-SEA-WWE စာတန်းပါသော firmware ကို ဆွဲပါ။
ဆွဲတဲ့အချိန်မှာလည်း software number  မြင့်ရင် ပိုကောင်းပါတယ်။
CID number မတူပဲ firmware ရေးပါက error တက်ဖို့ များပါတယ်၊
HTC cid and region list ကို နောက်မှ သပ်သပ်တင်ပြပေးပါမည်။
အခုကတော့ firmware ရေးဖို့ ဆက်ကြရအောင် !!!!!
ဒေါင်းရလာသော RUU ဖိုင်ကို  run ထားပါ။
ဖုန်းကို power ဖွင့်ပြီး computer နဲ့ ချိတ်ရေးပါ။
HTC logo တွင် ရပ်နေသော ဖုန်းဖြစ်ပါက Fastboot ဖမ်းပြီး computer နဲ့ ချိတ်ရေးပါ။
သေးစိတ်ပြောပြီး ရေးရတာလွယ်တယ်မဟုတ်လား အဲလိုဆိုရင် ဘယ်တော့မှ error မတက်တော့ဘူး
ဒီစာကိုဖတ်ပေးတာကျေးဇူးတင်ပါတယ်။


Favorites

No comments:

Post a Comment