အခု မျှဝေပေးမဲ့ application လေးကတော့ Galaxy Note 2 အပါအ၀င်
ဖုန်းအလန်းစားတွေကို စာရွက်တစ်ရွက်သုံးပြီး ကိုယ့်ဖုန်းပေါ်ကနေ 3D ပုံစံ
ကြိုက်သလို လှည့်/စောင်းပြီး ကြည့်ရှုနိုင်မှာဖြစ်တဲ့ အလန်းစား Android
Application လေး handsonAR_1_2 ဖြစ်ပါတယ်။
ကဲ ပုံမှာ မြင်တဲ့အတိုင်းပါပဲ ကိုယ့်ဖုန်းပေါ်ကနေပြီးတော့ နာမည်ကျော် Samsung Galaxy Note 2 အပါအ၀င် ဖုန်းအလန်းစားတွေဖြစ်တဲ့
* HTC One X
* Samsung Galaxy S3
* Samsung Galaxy Note 2
* Asus Nexus 7
* LG Optimus VU
* Nokia Lumia 920 အစရှိတဲ့ဖုန်းတွေကို 3D ပုံစံ စိတ်ကြိုက် လှည့်ပတ် ကြည့်ရှုနိုင်ပါပြီ။
အခုစပြီး ဘယ်လိုအသုံးပြုရမလဲဆိုတာကိုပြောပြသွားပါမယ်။
Photo
အပေါ်က ပုံလေးကို printer နဲ့ထုတ်လိုက်ပါ။
printer နဲ့ ထုတ်လို့ ရရှိလာမဲ့ brosvision စာပါတဲ့ ပုံလေးကိုယူလိုက်ပါ။
ထို့နောက် အောက်မှာ ပေးတဲ့လင့်ကနေ ဖုန်းထဲကို သွင်းရမဲ့ application လေးကို ဒေါင်းလိုက်ပါ။
handsonAR application လေးကို ဖုန်းမှာသွင်းဖို့ လိုအပ်ချက်တချို့ကတော့
-Android Version -2.2 နှင့်အထက်ရှိဖို့လိုအပ်ပါတယ်။
ဖိုင်ဆိုဒ်က-19MBရှိပါတယ်။
ထို့နောက် application ကို ဖွင့်လိုက်ပါ။
အောက်က ပုံထဲမှာ ပြထားသလို နောက်ဆုံးပေါ်အလန်းစား Device တွေကို ပြထားပါလိမ့်မယ်။
စိတ်ကြိုက် device တစ်ခုကို AR VIEW ဆိုတာနဲ့ ရွေးလိုက်ပါ။
ပြီးရင် Point camera to the printed marker ဆိုတာလေးနဲ့ ကင်မရာချိန်ဖို့ ပေါ်လာပါလိမ့်မယ်။
ဒါဆိုရင် Point camera to the printed marker နေရာမှာ စောစောက printer နဲ့ထုတ်ထားတဲ့ ပုံလေးကို ကင်မရာနဲ့ချိန်လိုက်ပါ။
အိုကေ….3D ပုံစံစိတ်ကြိုက် မိမိဖုန်းကနေ နောက်ဆုံးထွက် အလန်းစား device တွေကို ကြည့်နိုင်ပါပြီ။
print ထုတ်ထားတဲ့စာရွက်ကလေးကို လက်ဖ၀ါးပေါ်မှာကိုင့်ပြီးချိန်လိုက်မယ်ဆိုရင်တော့ မိတ်ဆွေ ရွေးချယ်ထားတဲ့ အလန်းစား device လက်ပေါ်ရောက်နေသလို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
printscreen လဲ ဖမ်းနိုင်ပါသေးတယ်ဗျာ…သူငယ်ချင်းတွေကို အပျင်းပြေ စနောက်လို့ရတာပေါ့
နောက် နှစ်လုံးလောက်ကို တစ်ပြိုင်နက်ထဲ 3D ပုံစံကြည့်လို့ရပါသေးတယ်။
နောက်ထွက်မှာ version 2.2 မှာ iPhone 5 ကိုပါ ထည့်သွင်းပေးမယ်လို့ developer က ပြောထားပါသေးတယ်။
အားလုံးပဲ အဆင်ပြေကြပါစေဗျာ။
Credit: Myanmar Mobile App

handsonAR_1_2ကိုရယူရန်
ဒေါင်းလို့ရရှိလာတဲ့ handson AR 1.2 apk ဖိုင်လေးကို မိမိဖုန်းမှာ install လုပ်လိုက်ပါ။ထို့နောက် application ကို ဖွင့်လိုက်ပါ။
အောက်က ပုံထဲမှာ ပြထားသလို နောက်ဆုံးပေါ်အလန်းစား Device တွေကို ပြထားပါလိမ့်မယ်။
စိတ်ကြိုက် device တစ်ခုကို AR VIEW ဆိုတာနဲ့ ရွေးလိုက်ပါ။
ပြီးရင် Point camera to the printed marker ဆိုတာလေးနဲ့ ကင်မရာချိန်ဖို့ ပေါ်လာပါလိမ့်မယ်။
ဒါဆိုရင် Point camera to the printed marker နေရာမှာ စောစောက printer နဲ့ထုတ်ထားတဲ့ ပုံလေးကို ကင်မရာနဲ့ချိန်လိုက်ပါ။
အိုကေ….3D ပုံစံစိတ်ကြိုက် မိမိဖုန်းကနေ နောက်ဆုံးထွက် အလန်းစား device တွေကို ကြည့်နိုင်ပါပြီ။
print ထုတ်ထားတဲ့စာရွက်ကလေးကို လက်ဖ၀ါးပေါ်မှာကိုင့်ပြီးချိန်လိုက်မယ်ဆိုရင်တော့ မိတ်ဆွေ ရွေးချယ်ထားတဲ့ အလန်းစား device လက်ပေါ်ရောက်နေသလို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
printscreen လဲ ဖမ်းနိုင်ပါသေးတယ်ဗျာ…သူငယ်ချင်းတွေကို အပျင်းပြေ စနောက်လို့ရတာပေါ့
နောက် နှစ်လုံးလောက်ကို တစ်ပြိုင်နက်ထဲ 3D ပုံစံကြည့်လို့ရပါသေးတယ်။
နောက်ထွက်မှာ version 2.2 မှာ iPhone 5 ကိုပါ ထည့်သွင်းပေးမယ်လို့ developer က ပြောထားပါသေးတယ်။
အားလုံးပဲ အဆင်ပြေကြပါစေဗျာ။
Credit: Myanmar Mobile App
No comments:
Post a Comment