New Star Mobile မှ ရောက်လာသူအပေါင်းစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေ

Tuesday, August 6, 2013

firmware restore guide for no brand china tablet

အခုပထမဦးဆုံးလိုအပ်တဲ့ဖိုင်လေးတွေကိုအရင်ဒေါင်းထားပါဗျာ ... ။
ပြီးရင် SD card (၁) ကဒ်လောက်တော့လိုမယ်ဗျ ... Class ကောင်းကောင်း ကဒ်အသန့်လေးဆိုပိုကောင်းတယ် ... ။။
မိတ်ဆွေတို့ရဲ့ Tablet ကို အားအပြည့်သွင်းထားလိုက်ပါ ... ဘယ် လောက်သွင်းရင် အားပြည့်မလဲဆိုတာတော့ ကိုယ့်ဘာသာကိုယ် သိမှာပေါ့နော် ... ။

** SD card ကို FAT (32) format နဲ့ Format ရိုက်ထားပါ ... ။
** ဒေါင်းပြီးလို့ရလာတဲ့ ဇစ်ဖိုင်လေးကို မိတ်ဆွေတို့ရဲ့ SD ထဲကို Rar ဖြည်ချလိုက်ပါ ... ။
** ပြီးရင် အဲ့ဒီဖြည်ချတဲ့ ထဲမှာ Changer.bat ဆိုတာလေးကို RUN လိုက်ပါ ... Tablet Model name တွေအများကြီးပေါ်လာပါလိမ့်မယ် ... ။
** ပေါ်လာတဲ့ Model ထဲက မိမိတို့ Tablet နံပါတ်လေးကို ရိုက်လိုက်ပါ ...
** Enter ခေါက်ပြီးသွားရင် SD card ကို Format ချမှာလား တခါမေးပါမယ် ...( N ) လို့ရိုက်ပေးပါ ... ။
** နောက်တခါ SD card ထဲကို Copy လုပ်မှာလားလို့ မေးပါမယ် ... (N) ထပ်ရိုက်ပေးပါ ... ။။
** SD card ကို ကွန်ပျူတာကနေ Safely Remove လုပ်ပြီး ထုတ်လိုက်ပါ ... ။
** ပြီးရင် မိတ်ဆွေတို့ Tablet အားပြည့်လောက်တဲ့အခါ SD ကိုထည့်ပြီး Power On ပေးပါ ... ။
** သူ့ဘာသာ အလုပ်ဆက်လုပ်သွားပါလိမ့်မယ် ... ။
** Upgarde step တွေဆက်လုပ်သွားပါလိမ့်မယ် ... ။
** ကိုယ်ရွေးတဲ့ Option No. မှားရင်တော့ Error တွေပြပါလိမ့်မယ် ... ။

ဥပမာ .... Cannot upgrade Kernel (Nand) တို့ နောက်ပြီး Fail to mounted android data partition တို့ပြရင် ကိုယ့်မော်ဒယ်နံပါတ်ကို သေချာရွေးပေးပါ ... ။

တကယ်လို့ Model မှန်တယ် မရဘူးဆိုရင် နံပါတ် (၂) Download ကို ဆွဲပါ ... ပြီးရင် Firmware install ဆိုတဲ့ Folder ထဲက Uzimage.bin ဆိုတဲ့ဟာနဲ့ Replace လုပ်ပါ ... ။
နောက်တစ်ခေါက် ထပ်ပြီး Upgarde လုပ်ကြည့်ပါ ... ။ မရသေးဘူး Error ပြနေသေးတယ်ဆိုရင် နံပါတ် (၃) download ကိုဆွဲပါ ... ။ ခုနကလိုပဲ Replace လုပ်ပါ ... ။ ထပ်လုပ်ကြည့်ပါ
ရပါလိမ့်မယ် .... ။

အားလုံးပြီးသွားရင် Please Remove SD ဆိုပြီးပေါ်လာပါလိမ့်မယ် ... ပေါ်လာရင် SD ကိုဖြုတ်ပေးလိုက်ပါ ... Reboot ကျပြီး ပြန်တက်ပါလိမ့်မယ် ... စိတ်ရှည်ပါ ... (၅) မိနစ်ကနေ မိနစ် (၂၀) ထိကြာနိုင်ပါတယ် ... ။ ပြန်တက်လာရင် Factory Reset တစ်ခေါက်လောက်ချပေးပါ .... ။
ဒါဆိုရင် အားလုံး အိုကေပါပြီ ... ။

Tablet Name မသိတဲ့သူတွေအတွက်ကတော့ 7'' Tablet အများစုက Option 1,8,30,7  စတာတွေနဲ့အဆင်ပြေတတ်ပါတယ် ... ။
မိမိတို့ Tablet က Charging သွင်းရင် Led က ဘာအရောင် ပါဝါတက်ရင် ဘာအရောင် ဆိုတာလေးတွေနဲ့ ကိုက်ပြီး Option လေးတွေကိုရွေးပေးပါ ... ။
အဆင်ပြေပါလိမ့်မယ် ... ။

ဒီနည်းလမ်းဟာ WM8650 based Tablet တွေအတွက်ဖြစ်ပါတယ် ... ။ နောက်ထပ် ထပ်ပြီး စမ်းသပ်ပြီးတင်ပေးပါဦးမယ် ...

Download (1) >> http://www.mediafire.com/?9cj0s706l9awm4v
Download (2) >> http://www.mediafire.com/?4dg2q2l4i1vtmkv (Uzimage)
Download (3) >> http://www.mediafire.com/?gqal02dy1mqaa1d (Uzimage)

ဆရာကြီးတွေလိုရေးလိုက်ဦးမယ် ဟီဟိ I won't responsible & Use at your own risk.
Credit To : Google, Technow, HCH

ဒီပို့စ်လေးကို ကျွန်တော် MMUC မှာ တင်ခဲ့ဘူးပါတယ် .... ကျွန်တော်ကိုယ်တိုင်စမ်းပြီးတော့ရေးထားတာပါ ... ဒါကြောင့် မြင်ဘူးတဲ့သူတွေမြင်ဘူးကြပါလိမ့်မယ် ... ။ ဒေါင်းလုပ်ခ် လင့်ခ်တွေကို Gold တော့မသတ်မှတ်တော့ပါဘူး .... ။ ကျွန်တော် Newbie ပါ ... ကျွန်တော့်ကို ဗဟုသုတတိုးပွားစေလိုတယ်ဆိုရင်တော့ ကြိုက်သလောက် Gold လေးတွေ ချီးမြင့်ခဲ့ကြပေါ့ဗျာ .... ။
အားလုံးကိုကျေးဇူးတင်ပါတယ် .... ။


ဒီကောင်လေးနဲ့ Firmware ပြန်တင်ပြီးတဲ့အခါ Touch မရတော့တာတွေ ကြောင်နေတာတွေဖြစ်တတ်ပါတယ် ... အဲ့ဒီအခါ USB Mouse လေးနဲ့ Factory Data reset တခါချ ပြီးရင် Touchpal calibration ကို ပြန်ချိန်ပေးလိုက်ပါ ... ရသွားပါလိမ့်မယ် ... ။
ဒါလေးမေ့နေလို့ ပြန်ပြောတာ

Only WM8650 chip set base tablet !!~

No comments:

Post a Comment