New Star Mobile မှ ရောက်လာသူအပေါင်းစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေ

Thursday, August 29, 2013

ချစ်တဲ့သူတိုင်း ညားကြပါစေ

 
 
 
 
 
 
 
လမ်းဘေး အများသုံးဖုန်းရုံး တစ်ခုရှေ့တွင် ယောင်္ကျားလေး တစ်ဦး
ရပ်လိုက်သည်...

သူမ လက်ချောင်းဖြူဖြူလေးတွေက ဖုန်းခွက်ကို လှမ်းယူနားထောင်ရင်း
နောက် လက်တစ်ဖက်က ဖုန်းပေါ်က ဂဏန်းတစ်ခုကို နှိပ်ရင်း
မျက်ဝန်းတွေက မျှော်လင့် တစ်ကြီးဖြင့် ဖုန်းထဲက အသံကို
နားထောင်နေရင်း.....
တီ...တီ....တီ... ဆိုတဲ့ ဖုန်းဝင်သွားတဲ့ အသံ နဲ့ အတူ
တစ်ဖက်က “ဟယ်လို” ဆိုပြီး အမျိုးသမီး တစ်ဦး ရဲ့ ထူးသံ
ပေါ်လာတယ်...

သူ နှုတ်ခမ်းလေး လှုပ်လှုပ် လှုပ်လှုပ် နဲ့
တစ်ခုခု ပြောဖို့ အားယူနေသလိုပဲ....
“ဟယ်လို... ဘယ်သူလဲ ဘာလို့ ဘာမှမပြောတာလဲ”
တစ်ဖက် အမျိုးသမီး အသံက ဒေါသသံနည်းနည်းစွတ်လာသလို
  ကောင်လေးရဲ့ မျက်ဝန်းက မျက်ရည်တွေလဲ စီးကျလာပါတယ်...
“ကောင်းပါပြီ... ဘာမှ မပြောဘူးဆိုရင် ဖုန်းချလိုက်တော့မယ်”
ဖုန်းထဲက အတော်တင်းမာတဲ့ အသံ နဲ့ ဖုန်းချတော့မယ် ဆိုတဲ့ အခါမှ
  ကောင်လေးရဲ့ ထိတ်ထိတ်ပျာပျာနဲ့ တောင်းပန်တားမြစ်သံ ထွက်ပေါ်လာပါတယ်.....
“မမ... ကျေးဇူးပြုပြီးဖုန်းမချပါနဲ့နော်”
“.....”
တစ်ဖက်က အမျိုးသမီး အသံ ခဏလေးနဲ့ တိတ်ဆိတ်သွားပါတယ်...
“မမ ဆီကို ဘယ်လိုမှ ဆက်သွယ်လို့ မရဘူး ... ရဲ့ ဖုန်းဆိုရင်လဲ မကိုင်ဘူး ပြီးတော့ .... မှားခဲ့တာတွေ ရှိရင်လဲ တောင်းပန်ပါတယ်
ခု ဆက်တဲ့ ဖုန်းကိုတော့ ကျေးဇူးပြုပြီး မချပါနဲ့အုံး...”
“.....”
“နောက်ဆုံး အနေ နဲ့ ပြောချင်တဲ့ စကားလေးတွေ ရှိပါတယ်
တကယ် နောက်ဆုံး အနေ နဲ့ပါ...”
“......”
“မမ နဲ့ စသိခဲ့ရတဲ့ နေ့က မိုးတွေ ရွာနေတယ်...
ဒီနေ့လဲ မိုးတွေ ရွာနေတယ် သိလား တကယ် ဖွဲ..ဖွဲ..လေးတွေ...
မိုးတွေ ရွာနေတိုင်း ... ပျော်တယ်...
  မမနဲ့ ပတ်သက်တဲ့ မိုးရေတွေ ရွာနေတိုင်း ပျော်တယ်....”
“.....”
မမ့ ကို လွမ်းလွန်းလို့ အခုလေ မိုးရေထဲမှာ ဖိနပ်လဲ မပါဘူး
ထီးလဲ မပါဘူး အိမ်နဲ့လဲ အဝေးကြီးမှာ မမ့ ဆီ ဖုန်းလာဆက်တာ
အရမ်းချမ်းတာပဲ မမ...”
“........”
“ ချစ်ရတဲ့ မမ ပျော်ပါစေနော်...
ပြီးတော့ မမချစ်ရတဲ့ သူနဲ့  လဲ မမနဲ့ အတူ တစ်သက်လုံးပျော်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်...
  ....လေ မိုးရေတွေထဲ လမ်းလျှောက်ရတာ အရမ်းပျော်တာပဲ
ရင်ထဲက အပူတွေတောင် ငြိမ်းသွားတော့မလိုပဲ..
ထာဝရ အတွက် မမ ကို ချစ်နေရရင်း
ရင်ထဲမှာ မိုးရေစက်တွေနဲ့ ငြိမ်းချမ်းသွားပါတော့မယ်...”
“မမ နှုတ်ဆက်ပါတယ်နော်”
“......”
တစ်ဖက်က အမျိုးသမီး အသံက ထုံးစံအတိုင်း တိတ်ဆိတ်နေရင်းနဲ့
ဖုန်းကိုချလိုက်ပါတော့တယ်......
တီ....................
ဖုန်းချလိုက်တဲ့ အသံကြားလိုက်ရတဲ့ အချိန်မှာပဲ
ိမိုးဖွဲဖွဲ ကျရာကနေ တစ်ဖြေးဖြေးနဲ့ မိုးတွေ သည်းလာခဲ့တယ်...
  ကောင်လေးရဲ့ မျက်ဝန်းက က မျက်ရည်တွေလဲ
မိုးရေတွေနဲ့ အတူ ရောထွေးပျောက်ကွယ်သွားတယ်......
  ကောင်လေးရဲ့ ဦးတည်ရာမဲ့ ခြေလှမ်းတွေ နဲ့
ယိုင်တိုင်တိုင် ယိမ်းထိုးရင်း လမ်းမ အတိုင်း လမ်းလျှောက်သွားရင်း
ခြေလှမ်း ဆယ်လှမ်းစာလောက် လှမ်းပြီးသလောက်မှာပဲ
သူ ခြေလှမ်းတွေ ရပ်တန့်ပြီး လဲပြိုကျသွားခဲ့တယ်....
သူ ပြောခဲ့သလိုပဲ ရင်ထဲက အပူတွေ ငြိမ်းချမ်းဖို့
ရင်ခုန်သံတွေပါ ထာဝရ ချုပ်ငြိမ်းသွားခဲ့တယ်....
တစ်ခု ထူးခြားတာကတော့ သူ မျက်နှာ ပြုံးနေခဲ့တယ်....
ချစ်သူများ ကိုယ့်ချစ်သူအပေါ် သစ္စာ ရှိနိုင်ကြပါစေ.....
(ဖြစ်ရပ်မှန် ဇတ်လမ်းတစ်ခုအား ပြန်လည်ရေးဖွဲ့ပါသည်)
သစ်ဆန်းခန့်
 
 
 
 
 
 
 
လမ်းဘေး အများသုံးဖုန်းရုံး တစ်ခုရှေ့တွင် မိန်းကလေး တစ်ဦ:
ရပ်လိုက်သည်...

သူမ လက်ချောင်းဖြူဖြူလေးတွေက ဖုန်းခွက်ကို လှမ်းယူနားထောင်ရင်း
နောက် လက်တစ်ဖက်က ဖုန်းပေါ်က ဂဏန်းတစ်ခုကို နှိပ်ရင်း
မျက်ဝန်းတွေက မျှော်လင့် တစ်ကြီးဖြင့် ဖုန်းထဲက အသံကို
နားထောင်နေရင်း.....
တီ...တီ....တီ... ဆိုတဲ့ ဖုန်းဝင်သွားတဲ့ အသံ နဲ့ အတူ
တစ်ဖက်က “ဟယ်လို” ဆိုပြီး အမျိုးသား တစ်ဦး ရဲ့ ထူးသံ
ပေါ်လာတယ်...

သူမ နှုတ်ခမ်းပန်းနုရောင်လေး လှုပ်လှုပ် လှုပ်လှုပ် နဲ့
တစ်ခုခု ပြောဖို့ အားယူနေသလိုပဲ....
“ဟယ်လို... ဘယ်သူလဲ ဘာလို့ ဘာမှမပြောတာလဲ”
တစ်ဖက် အမျိုးအသား အသံက ဒေါသသံနည်းနည်းစွတ်လာသလို
မိန်းကလေး ရဲ့ မျက်ဝန်းက မျက်ရည်တွေလဲ စီးကျလာပါတယ်...
“ကောင်းပါပြီ... ဘာမှ မပြောဘူးဆိုရင် ဖုန်းချလိုက်တော့မယ်”
ဖုန်းထဲက အတော်တင်းမာတဲ့ အသံ နဲ့ ဖုန်းချတော့မယ် ဆိုတဲ့ အခါမှ
မိန်းကလေး ရဲ့ ထိတ်ထိတ်ပျာပျာနဲ့ တောင်းပန်တားမြစ်သံ ထွက်ပေါ်လာပါတယ်.....
“ကိုကို... ကျေးဇူးပြုပြီးဖုန်းမချပါနဲ့နော်”
“.....”
တစ်ဖက်က အမျိုးသား အသံ ခဏလေးနဲ့ တိတ်ဆိတ်သွားပါတယ်...
“ကိုကို ဆီကို ဘယ်လိုမှ ဆက်သွယ်လို့ မရဘူး ကလေး ရဲ့ ဖုန်းဆိုရင်လဲ မကိုင်ဘူး ပြီးတော့ ကလေး မှားခဲ့တာတွေ ရှိရင်လဲ တောင်းပန်ပါတယ်
ခု ဆက်တဲ့ ဖုန်းကိုတော့ ကျေးဇူးပြုပြီး မချပါနဲ့အုံး...”
“.....”
“နောက်ဆုံး အနေ နဲ့ ပြောချင်တဲ့ စကားလေးတွေ ရှိပါတယ်
တကယ် နောက်ဆုံး အနေ နဲ့ပါ...”
“......”
“ကိုကို နဲ့ စသိခဲ့ရတဲ့ နေ့က မိုးတွေ ရွာနေတယ်...
ဒီနေ့လဲ မိုးတွေ ရွာနေတယ် သိလား တကယ် ဖွဲ..ဖွဲ..လေးတွေ...
မိုးတွေ ရွာနေတိုင်း ကလေး ပျော်တယ်...
ကိုကို နဲ့ ပတ်သက်တဲ့ မိုးရေတွေ ရွာနေတိုင်း ပျော်တယ်....”
“.....”
“ကလေး ကိုကို့ ကို လွမ်းလွန်းလို့ အခုလေ မိုးရေထဲမှာ ဖိနပ်လဲ မပါဘူး
ထီးလဲ မပါဘူး အိမ်နဲ့လဲ အဝေးကြီးမှာ ကိုကို့ဆီ ဖုန်းလာဆက်တာ
အရမ်းချမ်းတာပဲ ကိုကို...”
“........”
“ကလေး ချစ်ရတဲ့ ကိုကို ပျော်ပါစေနော်...
ပြီးတော့ ကိုကို ချစ်ရတဲ့ မမလှလှ လဲ ကိုကိုနဲ့ အတူ တစ်သက်လုံးပျော်နိုင်ပါစေလို့ ကလေး ဆုတောင်းပေးပါတယ်...
ကလေး လေ မိုးရေတွေထဲ လမ်းလျှောက်ရတာ အရမ်းပျော်တာပဲ
ရင်ထဲက အပူတွေတောင် ငြိမ်းသွားတော့မလိုပဲ..
ထာဝရ အတွက် ကိုကို့ ကို ချစ်နေရရင်း
ရင်ထဲမှာ မိုးရေစက်တွေနဲ့ ငြိမ်းချမ်းသွားပါတော့မယ်...”
“ကိုကို နှုတ်ဆက်ပါတယ်နော်”
“......”
တစ်ဖက်က အမျိုးသား အသံက ထုံးစံအတိုင်း တိတ်ဆိတ်နေရင်းနဲ့
ဖုန်းကိုချလိုက်ပါတော့တယ်......
တီ....................
ဖုန်းချလိုက်တဲ့ အသံကြားလိုက်ရတဲ့ အချိန်မှာပဲ
ိမိုးဖွဲဖွဲ ကျရာကနေ တစ်ဖြေးဖြေးနဲ့ မိုးတွေ သည်းလာခဲ့တယ်...
မိန်းကလေး ရဲ့ မျက်ဝန်းက က မျက်ရည်တွေလဲ
မိုးရေတွေနဲ့ အတူ ရောထွေးပျောက်ကွယ်သွားတယ်......
မိန်းကလေး ရဲ့ ဦးတည်ရာမဲ့ ခြေလှမ်းတွေ နဲ့
ယိုင်တိုင်တိုင် ယိမ်းထိုးရင်း လမ်းမ အတိုင်း လမ်းလျှောက်သွားရင်း
ခြေလှမ်း ဆယ်လှမ်းစာလောက် လှမ်းပြီးသလောက်မှာပဲ
သူမ ခြေလှမ်းတွေ ရပ်တန့်ပြီး လဲပြိုကျသွားခဲ့တယ်....
သူမ ပြောခဲ့သလိုပဲ ရင်ထဲက အပူတွေ ငြိမ်းချမ်းဖို့
ရင်ခုန်သံတွေပါ ထာဝရ ချုပ်ငြိမ်းသွားခဲ့တယ်....
တစ်ခု ထူးခြားတာကတော့ သူမ မျက်နှာ ပြုံးနေခဲ့တယ်....
ချစ်သူများ ကိုယ့်ချစ်သူအပေါ် သစ္စာ ရှိနိုင်ကြပါစေ.....
(ဖြစ်ရပ်မှန် ဇတ်လမ်းတစ်ခုအား ပြန်လည်ရေးဖွဲ့ပါသည်)
သစ်ဆန်းခန့်

No comments:

Post a Comment