ယနေ့ခေတ်စားနေသော Samsung Android ဖုန်းများ Root လုပ်ခြင်း
Root လုပ်တယ်ဆိုတာ ဘာလဲလို့မပြောတော့ပါဘူး။ဘာဖြစ်လို့မပြောတာလဲဆိုတော့ Android ဖုန်းသုံးတဲ့ ဖုန်းသုံးစွဲသူတော်တော်များများဟာ Root လုပ်ခြင်းကို ကိုယ်တိုင်သော်လည်းကောင်း ဆိုင်သွားပြီး သော်လည်းကောင်း Root လုပ်တတ်ကြလို့ပါပဲ။အခုဖော်ပြတဲ့ Root လုပ်နည်းတွေကတော့ လူသုံးများတဲ့ Samsung Android ဖုန်း များကိုဘယ်လို Root လုပ်မယ်ဆိုတာ ကို ဖော်ပြ ပေးမှာ ဖြစ်ပါတယ်။
Android ကိုင်ပြီဆိုရင်တော့ USB debugging mode ကိုဖုန်းထဲမှာဖွင့်ပေးထားဖို့ တော့မမေ့ပါနဲ့။Setting >> Application >> Development option (or) Setting >> Development option ထဲမှာဝင်ပြောင်းပေး ဖို့လိုပါတယ်။
သက်ဆိုင်ရာဖုန်းရဲ့Driver တွေကိုတော့ ကွန်ပြူတာထဲမှာ ကြိုတင်ထည့်သွင်းထားရမှာဖြစ်ပါ တယ်။Root မလုပ်မှီမှာတော့ ဓာတ်ခဲအားအနည်းဆုံး ၅၀% ရှိနေရပါမယ်။
Downloading Mode သို့ပြောင်းလဲရန် Vol - နှင့် Home ခလုတ်အားပြိုင်တူဖိထားပြီး ပါဝါဖွင့်ပါ။
Recovery Mode သို့ပြောင်းလဲရန် Vol+ နှင့် Home ခလုတ်အားပြိုင်တူဖိထားပြီး ပါဝါဖွင့်ပါ။
Samaung Android ဖုန်းများအားRoot ပြုလုပ်မည်ဆိုပါက နည်းလမ်းအားဖြင့် (၃) မျိုးခွဲခြားနိုင်ပါသည်။
၁။ CF ROOT Mathod
၂။ Install Recovery and SuperSU.zip method
၃။ Toolkit method
CF root method
CF root ဆိုသည်မှာ Samsung original kernel ပေါ်အခြေခံပြီး Root ပြုလုပ်ခြင်း၊ Busy Box သွင်း ခြင်း Clock Work Mod Recovery သွင်းခြင်း တို့ကိုပြုလုပ်ပေးနိုင်သော Root ပြုလုပ်နည်းဖြစ်သည်။CF root နည်းလမ်းသည် Root ပြုလုပ်ရာတွင် စိတ်ချမှုအပြည့်အ၀ရှိသောနည်းလမ်းဖြစ်သည်။Cf root နည်းလမ်းဖြင့် Root ပြလုပ်ပါက မိမိဖုန်း၏ Android version နှင့်ကိုက်ညီသော CF root version ကိုသာရွေးချယ်ရမည်ဖြစ် သည်။ထို့အပြင် CF root ဖိုင်အား Odin Flasher ဆော့ဝဲလ်ကိုအသုံးပြုပြီးဖုန်းထဲသို့ထည့်သွင်း Root လုပ်ရ ခြင်းဖြစ်သည်။Root လုပ်ပုံအဆင့်ဆင့်အား Samsung Galaxy s3 , Galaxy note N7000 တို့ဖြင့်နမူနာဖော် ပြထားပြီး ကျန် Samsung Android ဖုန်းများအားလုံးလုပ်ဆောင်ပုံများတူညီကြသည်။
Galaxy s3 I9300 4.0.x Root (CF root method)
ဆမ်ဆောင်းဖုန်းများကို CF root နည်းဖြင့် root လုပ်မည်ဆိုပါကDownloading Mode ဖြင့်ပြုလုပ် ရပါမည်။Downloading Mode ကိုဝင်မယ်ဆိုရင်တော့ ဖုန်းကိုပါဝါပိတ်လိုက်ပါ။Volume down ခလုတ်နှင့်Home ခလုတ်တို့ကို ပြိုင်တူဖိထားပြီး ပါဝါခလုတ်ကိုနှိပ်ပေးပါ။အချိန်အနည်းငယ်အတွင်းမှာ Downloading mode သို့ဝင်ရန် Warning စာတမ်းပေါ်လာတာနဲ့ Volume up ကိုနှိပ်ပေးလိုက်ပါ။
ထို့နောက် Downloading mode သို့ရောက်သွားကြောင်းစက်ရုပ်ပုံဖြင့်ပြသပါလိမ့်မည်။ Root\s3 i9300\ ဖိုင်ထဲတွင် 1.Odin1.85.exe 2. CF-Root-SGS3-v6.1.tar 3.Samsung USB Drivers တို့ကိုတွေ့ ရပါမည်။ပထ မဆုံး Samsung USB driver ကို Install လုပ်ပေးပြီးနောက်PC ကို Restart ချပေးရပါမည်။PC ပြန်တက် လာပြီးနောက်ဖုန်းကို ကွန်ပြူတာနဲ့ချိတ်ဆက်လိုက်ရန်နှင့်ဖုန်း၏Driver ကိုကွန် ပြူတာကသိမသိကို MYCOMPUTER ကို Right click ပြုလုပ်ပြီးတာနဲ့Properties မှ Device manager မှာကြည့်ရှု့ရပါမည်။
ထို့နောက် odin3 v1.85.exe ကိုဖွင့်လိုက်ပါ။ Odin ကိုဖွင့်လိုက်ပါက ID:COM အကွက်ထဲတွင် အ၀ါရောင် ဖြင့်ပြသပေးနေပါက ဖုန်းသည် Odin နဲ့ချိတ်ဆက်နိုင်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းကိုသိရှိရမည်။
credit to mm-mpxteam.

No comments:
Post a Comment